ပုသိမ် ၂၇ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြိုနယ်တွင် ဧပြီ ၂၆ ရက်က ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပုသိမ်မြို့နယ်၊ မြို့ချောင်းကျေးရွာ၊ စမ်းကြီးကျေးရွာ ကုန်ထုတ်လမ်း (ဂဝံခင်းခြင်း) နှင့် စမ်းကြီးလမ်း ပေါ်ရှိ RC တံတားတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးနိုင်မှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ မြို့ချောင်း (၁၆၃ E.) ကွင်း ကုန်ထုတ်လမ်းမြေသား၊ အကျယ် ၁၂ ပေ၊ အရှည် ၂၀၀၀ ပေ ဂဝံကျောက်ခင်းခြင်းကို ခွင့်ပြုငွေ ကျပ်သန်း ၁၅ ဒသမ ၉၂၀ ဖြင့်လည်းကောင်း၊ စမ်းကြီးကျေးရွာ ကုန်ထုတ်လမ်း အကျယ် ၁၂ ပေ၊ အရှည် ၄၀၀၀ ပေ ဂဝံကျောက်ခင်းခြင်းကို ခွင့်ပြုငွေကျပ်သန်း ၂၂ ဒသမ ၀၄၀ ဖြင့်လည်းကောင်း၊ ၎င်းလမ်းပေါ် ရှိ ၁၈× ၁၂ × ၁၀ ပေရှိ RC တံတား တည်ဆောက်ခြင်းကို ခွင့်ပြုငွေ ကျပ်သန်း ၁၄ ဒသမ ၅၄ဝ ဖြင့်လည်းကောင်း တည်ဆောက်လျက်ရှိရာ မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကုန်ထုတ်လမ်းနှင့် တံတားပြီးစီးသွားပါက ကျေးရွာ ၂ ရွာမှ အိမ်ခြေ ၃၇၉ အိမ်နှင့် လူဦးရေ ၁၁၂၆ ဦး၏ လူမှုရေး၊ စီးပွားရေး၊ ကျန်မာရေးနှင့် ပညာရေး ကဏ္ဍများကို လျင်မြန်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဌေးနိုင်က ပြောသည်။
သတင်း/ဓာတ်ပုံမောင်မောင်မြင့်(ပြန်/ဆက်)


