ပုလော ၂၇ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ကူးစက်ရောဂါကာကွယ်ရန် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်မှ ဆေးရုံသုံး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို ယနေ့ မွန်းတည့် ၁၂ နာရီက ပုလောမြို့နယ် ပြည်သူ့ဆေးရုံနှင့် ပလတိုက်နယ်ဆေးရုံတို့တွင် လာရောက်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ပုလောမြို့နယ် ပြည်သူ့ဆေးရုံအတွက် PPE ဝတ်စုံ(၂၀)စုံ၊ Surgical Mask (၈၀၀)ခု၊ Goggles မျက်မှန် (၃၀)လက်၊ Hand Gel (၃၀)ဘူး၊ Hand Sanitizer (၅၀)ဘူး၊ ကြက်ဥ (၁၅၀)လုံး၊ ရွှေဖီဦး လက်ဖက်ရည် (၂၀)ထုပ်၊ ခေါက်ဆွဲ (၂၀)ထုပ်နှင့် ပလတိုက်နယ်ဆေးရုံအတွက် PPE ဝတ်စုံ(၁၅)စုံ၊ Surgical Mask (၃၀၀)ခု၊ N95(၂၀)ခု၊ Goggles မျက်မှန် (၂၀)လက်၊ Hand Gel (၅)ဘူး၊ Hand Sanitizer (၁၀)ဘူး၊ ကြက်ဥ (၁၅၀)လုံး၊ ရွှေဖီဦး လက်ဖက်ရည်ထုတ်(၁၅)ထုပ်၊ ခေါက်ဆွဲ(၁၅)ထုပ်တို့အား ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးက လှူဒါန်းရာ ဒေါက်တာ ပြုံးချိုနှင့် ဒေါက်တာသိန်းမင်းတို့က လက်ခံခဲ့သည်။
ထူးဝေယံ(ပုလာ)


