ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး (၂၈) မြို့နယ်အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လက်မှုလယ်ယာ စနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် အထောက်အကူဖြစ်စေရန်၊ အဆင့်မြှင့် လယ်ယာများ ဖော်ထုတ်၍ စနစ်တကျ ထွန်ယက်စိုက်ပျိုးခြင်းဖြင့် သီးနှံအထွက်တိုးပြီး တောင်သူများ ဝင်ငွေတိုးကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ လယ်ယာလုပ်သားရှားပါးမှုကို ဖြည့်ဆည်းနိုင်စေရန်၊ တစ်ဧက စိုက်ပျိုးစရိတ် လျော့ချနိုင်စေရန်၊ ရာသီအမီ စိုက်ပျိုးနိုင်စေရန်နှင့် လယ်ယာသုံး စက်ကိရိယာများကို အသင်းသားများအပိုင် ရစေရန် ရည်ရွယ်၍ လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုသမဝါယမ အသင်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာနများက ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိပါသည်။
နွေစပါး၊ မိုးစပါးများ အလှည့်ကျစိုက်ပျိုးရန် မြေသားပြုပြင်ခြင်း၊ တမန်းနိုးခြင်း၊ ဆောင်းထယ်ရေး၊ မိုးကြိုထယ်ရေး လုပ်ငန်းများကို အငှားဝန်ဆောင်ထွန်ယက် ပြုပြင်ပေးခြင်း၊ အလေအလွင့် အနည်းဆုံးဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်းများ ပြုလုပ်လိုပါလျှင် လယ်ယာအထောက်အကူပြု ဝန်ဆောင်မှု သမဝါယမ အသင်းများက သင့်လျော်သည့် ဈေးနှုန်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အသင်းသား တောင်သူများကို သက်သာသော အတိုးနှုန်းဖြင့်လည်းကောင်း၊ သီးနှံပေါ်ပေးစနစ်ဖြင့်လည်းကောင်း ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ တောင်သူလယ်သမားများ ဆောင်ရွက်လိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည် -
ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ
ဒုတိယညွှန်ကြားရေးမှူး - ၀၉-၄၃၀၇၈၆၇၈
ခရိုင်တာဝန်ခံဖုန်းနံပါတ်များ
ပဲခူးခရိုင် - ၀၉-၇၉၉၁၁၇၈၃၈
တောင်ငူခရိုင် - ၀၉-၄၂၈၁၆၃၅၁၆
သာယာဝတီခရိုင် - ၀၉-၂၅၀၂၂၁၉၇၃
ပြည်ခရိုင် - ၀၉-၇၉၄၇၆၅၆၈၂
သမဝါယမဦးစီးဌာန


