ရွှေကူ   ၂၇    ဧပြီ    

 

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်များ စနစ်တကျထားရှိနိုင်ရန်အတွက် ယနေ့  ညနေ ၄ နာရီတွင် ရွှေကူမြို့ အမှတ်(၃) မြို့ကုန်းရပ်ကွက်ရှိ မီးသတ်စခန်းမှ စာအုပ်စာစောင်တင်စင်များ ပေးအပ်လှူဒါန်းခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် ကလေးစာပေ စာအုပ်စာစောင်များထားရှိရန် ငွေကျပ် ၆၅၀၀၀ တန်ဖိုးရှိ စာအုပ်တင်စင် ၁ စင်နှင့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ ထားရှိရန်အတွက် ငွေကျပ် ၃၅၀၀၀ တန်ဖိုးရှိ စာအုပ်တင်စင် ၁ စင်တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

 

အဆိုပါ လှူဒါန်းမှုသည် စာပေလေ့လာဖတ်ရှုကြသော ကလေးငယ်များနှင့် စာဖတ်ပရိသတ်များအား စာအုပ်စာစောင်များ လေ့လာဖတ်ရှုငှားရမ်းရာတွင် စနစ်တကျထားရှိကာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

 

ကျော်မျိုးအောင်(ပြန်/ဆက်)