ဟားခါး    ၂၇   ဧပြီ

 

စစ်ဗျူဟာအဖွဲ့ ခြေချ (ဟားခါး)မှ စစ်ဗျူဟာမှူးနှင့် အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီက ထန်တလန်မြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသော လူနာများအတွက် အင်အားဖြည့် အစားအစာများ ထောက်ပံ့ လှူဒါန်းခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် စစ်ဗျူဟာမှူးနှင့် စစ်သည်များက ဆေးကုသမှု ခံယူလျက်ရှိကြသော လူနာများအတွက် ကြက်ဥ  ၁၅၀ လုံး၊ နို့မှုန့် ထုပ်၊ ရွှေဖီဦးအသင့်ဖျော် လက်က်ရည် ၇ ထုပ်၊ ဘီစကစ်မုန့် (၁၅) ထုပ်၊ ကုလားပဲ ပိဿာ စသည့် အင်အားဖြည့် အစားအစာများထောက်ပံ့လှူဒါန်းခဲ့သည်။

 

ထို့နောက် ထန်တလန်မြို့ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆေးရုံဝန်ထမ်းများအား ရွှေဖီဦး အသင့်ဖျော် လက်ဖက်ရည်နှင့် ဘာလီအချိုရည်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြင့်နိုင်စိုး (ပြန် ဆက်)