ပခုက္ကူ ၂၇ ဧပြီ

 

ပခုက္ကူခရိုင်နှင့် မြို့နယ်သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များအတွက် အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပခုက္ကူခရိုင် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် ကာလတွင် မီးသတ်တပ်ဖွဲ့ဝင်များ စိတ်ခွန်အား ပြည့်နေစေရန် ရည်ရွယ်၍ ဒေါ်ခင်မေ၊ ဒေါ်ခင်ရွှေ (ကံမချမ်းစိမ့် တိုင်းရင်းဆေးထုတ်လုပ်ရေး မိသားစု) နှင့် ကိုရန်အောင်ထွန်းနှင့် မဟန်နီကျော် ပင်မရောင်းဝယ်ရေးမိသားစုတို့က ပခုက္ကူခရိုင်နှင့် မြို့နယ်ရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇၇ ဦးအတွက် တပ်ဖွဲ့ဝင်တစ်ဦးလျှင် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်၊ အာလူး၊ ရွှေဝါဆပ်ပြာခဲ တန်ဖိုးငွေ (၁၈၀၀ဝိနှုန်းဖြင့် တပ်ဖွဲ့ဝင် (၇၇) ဦးတွက် (၁၃၈၆၀၀၀) ကျပ်၊ တပ်ဖွဲ့ဝင်တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် တပ်ဖွဲ့ဝင် ၇ ဦးအတွက် (၂၃၁၀၀၀၀) ကျပ် စုစုပေါင်းငွေကျပ် (၃၆၉၆၀၀ဝ) ကျပ်တိတိအား လှူဒါန်းပေးအပ်ရာ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်က လက်ခံရယူသည်။

 

ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး တပ်ဖွဲ့ဝင်များကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ကိုဇော်(ဓာတု)