၂၇ ဧပြီ

 

တောင်အာဖရိကနိုင်ငံမှာ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကျူးဘားနိုင်ငံမှ ကျန်းမာရေးဝန်ထမ်း ၂၀၀ ကျော် ဒီကနေ့ ရောက်ရှိကြောင်း သမ္မတရုံးမှ ပြောကြားပါတယ်။

 

အာဖရိနိုင်ငံများအတွင်းမှာ တောင်အာဖရိကနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အများဆုံးဖြစ်ပါတယ်။ ကူးစက်ခံရသူ ၄,၅၄၆ ဦးတွင် သေဆုံးသူ ၈၇ ဦးရှိကြောင်း သိရပါတယ်။

 

ဒီနေ့မနက်မှာ ရောက်ရှိလာတဲ့ ကျန်းမာရေးအဖွဲ့ဟာ ဝန်ကြီးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်အရ ကျူးဘားကျန်းမာရေးအဖွဲ့မှာ ကျန်းမာရေးလုပ်သား ၂၁၇ ဦးပါကြောင်း၊ အဲဒီအဖွဲ့ထဲမှာ ရောဂါပိုးမွှားဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ လူထုကျန်းမာရေး ကျွမ်းကျင်ပညာရှင်များစတဲ့ ပညာရှင်များစွာ ပါဝင်ကြောင်း သိရပါတယ်။

 

တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် တစ်နိုင်ငံလုံးကို အသွားအလာ ပိတ်ဆို့တားမြစ်ထားရာ မေ ၁ ရက်နေ့မှ စပြီး တားမြစ်ချက်တွေကို တဖြည်းဖြည်းခြင်း ရုပ်သိမ်းသွားမယ်လို့ သိရပါတယ်။

 

ကျူးဘားနိုင်ငံကရောက်လာတဲ့ ပညာရှင်တွေဟာ တောင်အာဖရိကနိုင်ငံမှာ ဧပြီလဆန်းက စတင်ခဲ့တဲ့ တစ်အိမ်ဆင်း တစ်အိမ်တက် ရောဂါစစ်ပိုး စစ်ဆေးရေးအစီအစဉ်ကို ကူညီဆောင်ရွက်မှာဖြစ်ပါတယ်။

 

တောင်အာဖရိကနိုင်ငံမှာ လူပေါင်း ၁၆၈,၀၀၀ ဉီးသာ ရောဂါပိုးစစ်ဆေးပြီးကြောင်း၊ အဲဒီထဲမှာ တောင်အာဖရိကရဲ့ လူဦးရေထူထပ်ပြီး ရောဂါပိုး တွေ့ရှိမှုများတဲ့ ဂူတန်းဒေသမှ လူပေါင်း ၁၃,၅၀၀ ကျော် ပါဝင်ကြောင်း သိရပါတယ်။

 

 

တောင်အာဖရိကနိုင်ငံဟာ ကျူးဘားနိုင်ငံက ကျန်းမာရေးအကူအညီရတဲ့ ဒုတိယမြောက် ဒေသတွင်း နိုင်ငံဖြစ်ပါတယ်။

 

အန်ဂိုလာနိုင်ငံဟာ ကျူးဘားဆရာဝန် ၂၅၀ ကျော်ရဲ့ အကူအညီကို ပထမဉီးဆုံးယူခဲ့ အာဖရိက နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အန်ဂိုလာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ ၂၅ ဦးရှိပြီး ၂ ဦးသာ သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

MDN
ကိုးကား - AFP