၂၈  ဧပြီ

နှစ်ပေါင်းများစွာ မန်ယူတွင် ဆက်လက်နေရန် ဒီဂီယာ ဆန္ဒရှိ

==============================================

မန်ယူအသင်းမှ စပိန်ဂိုးသမား ဒေးဗစ်ဒီဂီယာသည် နှစ်ပေါင်းများစွာ မန်ယူအသင်းတွင် ဆက်လက်နေရန် ဆန္ဒရှိနေသော်လည်း နံပါတ်တစ်နေရာအတွက် ရှက်ဖီးအသင်းတွင် အားကစားပြီး လက်စွမ်းပြနေသည့် အသက် ၂၃ နှစ်အရွယ် အင်္ဂလန်ဂိုးသမား ဟန်ဒါဆန်ကို ယှဉ်ပြိုင်သွားရမည် ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

 

ကူလီဘာလီအား နယူးကာဆယ်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားလာ

=====================================================

နာပိုလီနှင့် ဆီနီဂေါခံစစ်ကစားသမား ကူလီဘာလီ (၂၈နှစ်)သည် နယူးကာဆယ်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားလာကြောင်း သတင်းများတွင် ဖော်ပြထားသည်။

 

အာဆင်နယ်အသင်းက ဝီလီယံအား ခေါ်ယူလို

=================================

အာဆင်နယ်အသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည့် ချယ်လ်ဆီးအသင်းမှ ဘရာဇီးတောင်ပံ ကစားသမား ဝီလီယံ (၃၁နှစ်)အား လီဗာပူးအသင်းနှင့်အပြိုင် ခေါ်ယူလိုနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

 

အိုနာနာအား ခေါ်ယူရန် ခက်ခဲဖွယ်ရှိ

===========================

ချယ်လ်ဆီးအသင်းသည် အိုင်းယက်စ်အသင်းမှ ကင်မရွန်းဂိုးသမား အိုနာနာ ၊ (၂၄နှစ်) အနေဖြင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန်ဆန္ဒရှိနေသည့် အတွက် ၎င်းအား ခေါ်ယူရန် ခက်ခဲဖွယ်ရှိကြောင်း သတင်းများတွင် ဖော်ပြ ထားသည်။

 

မာတီနက်ဇ်အား ခေါ်ယူနိုင်မည်ဟု မျှော်လင့်

=================================

ဘာစီလိုနာအသင်းသည် အင်တာမီလန်အသင်းမှ အာဂျင်တီးနားတိုက်စစ် ကစားသမား လော်တာရို မာတီနက်ဇ် (၂၂နှစ်)အား ခေါ်ယူနိုင်မည်ဟု မျှော်လင့်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အောင်ဇော်