လှိုင်းဘွဲ   ၂၈    ဧပြီ

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် နေ့စဉ်နွေရာသီ ရောက်တိုင်း အပူချိန်မြင့်မားမှုကြောင့် သောက်သုံးရေများ ရှားပါးပြတ်လတ်မှုများ ကြုံတွေ့နေရသည့် ကျေးရွာများသို့ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးရွာများအရောက် ရေလှူဒါန်းမှုများကို ယမန်နေ့ညနေပိုင်းက သွားရောက်လှူဒါန်းပေးခဲ့သည်။

 

ယခုနှစ်တွင် ရာသီဥတုပူပြင်းမှုကြောင့် ရေသွင်းမြောင်းများ ရေခမ်းခြောက်ခြင်း၊ ကျေးရွာရှိရေတွင်းများ ခမ်းခြောက်ခြင်းတို့ကြောင့် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေလိုအပ်ချက်ရှိသော ကျေးရွာများ ဖြစ်သည့် သာယာကုန်း၊ ကပ္ပလီ၊ ရွှံ့ဗွက်၊ အေးသာယာ၊ တံတားဦး ကျေးရွာများရှိ အိမ်ခြေ(၉၈)လုံး လူဦးရေ(၄၉၅)ဦးအတွက် သောက်သုံးရေဂါလန် (၁၆၀ဝ)အား သွားရောက်လှူဒါန်းပေးခဲ့သည်။

 

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေရှားပါးလျက်ရှိသော မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများ၊ ဘုန်းတော်ကြီးကျောင်းများ၏ သောက်သုံးရေလိုအပ်ချက်များကို လိုက်လံလှူဒါန်းပေးလျက်ရှိရာ လိုအပ်လျက်ရှိသော ကျေးရွာများအနေဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောအောင်မျိုးမြင့် ဖုန်း-ဝ၉၇၈၄၁၃၄၀၄၆ ထံသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)