လှိုင်းဘွဲ   ၂၈   ဧပြီ

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လိုအပ်သော အထောက်အကူပြု ဆေးရုံးသုံးပစ္စည်းများကို နယ်မြေခံ အခြေချ စစ်ဗျူဟာမှ မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ယမန်နေ့က ဒုတိယအကြိမ် သွားရောက်လှူဒါန်းခဲ့သည်။

 

လှူဒါန်းမှုအနေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်ရာတွင် လျင်မြန် လွယ်ကူစေရန်နှင့် ထိရောက်စေရန် လိုအပ်နေသော ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ ကြိုတင် ဖြည့်ဆည်းပေးရန်နှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် PPE ဝတ်စုံ(၁၀ဝ)၊ ခွဲစိတ်ခန်းသုံး ဝတ်စုံ(၁၀ဝ)၊ လက်အိတ် အစုံ(၁၀ဝ)၊ ဦးထုပ် အလုံး(၁၀ဝ)၊ Mask(၁၀ဝ)ခု၊ မျက်မှန် အလက် (၄၀)၊ Hand Gel (၃၅)ဘူး၊ N-95 (၂၅)ခု တို့ကို လှိုင်းဘွဲမြို့ အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းဇော်က ပြည်သူ့ဆေးရုံကြီး အတွက် ပေးအပ်လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဝင်းဇော်ဦးက လက်ခံရယူခဲ့သည်။

 

အလားတူ လှိုင်းဘွဲမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများ ဖြစ်သော ပိုင်ကျုံ၊ ရွှေဂွန်း၊ ထီလုံ၊ ရှမ်းရွာသစ်၊ မြိုင်ကြီးငူ တိုက်နယ်ဆေးရုံများအတွက်လည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)