မိုးနဲ ၂၈ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံနှစ်ထပ်တိုးချဲ့ လူနာဆောင်ကို ဖေဖော်ဝါရီလမှ စတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် အလျား ၁၄၃ ပေ၊ အနံ ၅၃ ပေ (အာစီ) အမျိုးအစား နှစ်ထပ် တိုးချဲ့လူနာဆောင် အဆောက်အဦကို ချယ်ရီကွင်းဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နှစ်ထပ်တိုးချဲ့လူနာဆောင် ဆောက်လုပ်နေမှုကို မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် တာဝန်ရှိသူများက လုပ်ငန်း အရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေးအတွက် ယနေ့နံနက် ၉ နာရီက သွားရောက် စစ်ဆေးရာ ဆောက်လုပ်ရေးတာဝန်ခံက ဆောင်ရွက်နေမှုများအားရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက လုပ်ငန်းလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)


