မိုင်းဆတ် ၂၈ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၌ ဧပြီ ၂၃ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီး ခဲ့သည့်နေအိမ်(၁၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ညနေ (၃) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
ထောက်ပံ့ပေးရာတွင် လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် မယ်ပုလုံကျေးရွာအုပ်စု၊ မယ်ကျန်း ကျေးရွာမှ နေအိမ်(၁၁)လုံး၊ မအို့ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာမှ နေအိမ်(၁)လုံးနှင့် ဆန်ကန်ကျေးရွာအုပ်စု၊ ဟိုဟွေ့ကျေးရွာမှနေအိမ်(၂)လုံး စုစုပေါင်းနေအိမ်(၁၄)လုံး အိမ်ထောင်စု(၂၁)စုအတွက် ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှမင်းလွင်က ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် (၁၁) သိန်းကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)


