ရန်ကုန် ၂၈ ဧပြီ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အနှေးယာဉ် လုပ်သားများ၊ ဈေးသည်များနှင့် လမ်းသွားလမ်းလာသူများအား နှာခေါင်းစည်းများ ယမန်နေ့ နံနက်(၁၀)နာရီက ဖြန့်ဝေခဲ့သည်။
ဖြန့်ဝေရာတွင် “စု”အသက်မွေးဝမ်းကျောင်းသိပ္ပံ(ရွှေပြည်သာ)ပညာဒါနသင်တန်းကျောင်းမှ တာဝန်ခံ ဦးဇော်မြတ်လင်း ဦးဆောင်၍ Volunteer များက အဝတ်ပိတ်ဖြင့် ချုပ်လုပ်သော လျှော်ဖွတ် ပြန်လည်အသုံးပြုနိုင်သည့် နှာခေါင်းစည်း(၅၂၀)ခုကို အနှေးယာဉ်လုပ်သားများ၊ဈေးသည်များ၊ ဆိုင်ကယ်ကယ်ရီမောင်းသူများနှင့် လမ်းသွားလမ်းလာ မိဘပြည်သူများအား လက်ဝယ်အရောက် နှာခေါင်းစည်းများ တပ်ဆင်ခြင်းအား ကိုယ်တိုင်သေချာစွာ စနစ်တကျ တက်နိုင်စေရေးတို့ကို အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပြီး Suu Vocational Institute Shwepyithar Volunteer Team ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုအဖွဲ့က “မေတ္တာ စာဂ ဝီရိယ”ဟူသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် လူထုခေါင်းဆောင်၏ အဆိုအမိန့်အား ယုံကြည်လေးစားတန်ဖိုးထားလျက် မိဘပြည်သူများအား မျှဝေလှူဒါန်းခဲ့သည်။
ရွှေပြည်သာမြို့နယ်၊Coronavirus Disease 2019 (COVID-19)ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီမှ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


