၂၈ ဧပြီ

အာဖဂန်နစ္စတန်တွင်  ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ကျန်းမာရေးလုပ်သားများနှင့် ဆေးရုံများက  တုံ့ပြန်နိုင်ရန် နိုင်ငံအတွင်းရှိ ပါတီများက တိုက်ပွဲများ ရပ်ဆိုင်းထားရန် ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင်က တိုက်တွန်းခဲ့သည်။

 

ဖေဖော်ဝါရီလက အမေရိကန်နှင့် တာလီဘန်တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သော်လည်း အစိုးရတပ်များနှင့် တာလီဘန်များအကြား အဓိကတိုက်ပွဲများမှာ တိုင်းပြည်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ယနေ့ ထုတ်ပြန်ခဲ့သည်။

 

ပဋိပက္ခများအတွင်း ဆရာဝန်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် လုပ်သားများနှင့် ဆေးဘက်ဆိုင်ရာ အဆောက်အဦများ ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မတ်လ ၂၂ ရက်နေ့အတွင်းကလည်း တာလီဘန်စစ်သည်များသည် အရှေ့ဘက်ရှိ ကူနာပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဝန်ထမ်းငါးဦးနှင့် ယာဉ်မောင်းတို့ကို ပြန်ပေးဆွဲခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

 

မတ်လ ၂၄ ရက်နေ့အတွင်းကလည်း မြောက်ပိုင်း တာဟားနားပြည်နယ်တွင် တာလီဘန်နှင့် အစိုးရတပ်ဖွဲ့တို့အကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး သေနတ်များဖြင့် ပစ်ခတ်သဖြင့် ဆေးရုံတစ်ရုံ ပျက်စီးဆုံးရှုံးခဲ့ရသည်။

 

အာဖဂန်နစ္စတန်နိုင်ငံတွင် ယနေ့တွင်  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၇၀ဝရှိပြီဖြစ်သည်။ 

 

အာဖဂန်နစ္စတန်နိုင်ငံတွင် ကျန်းမားရေးစောင့်ရှောက်မှု အားနည်းခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနိုင်သည့် အရင်းအမြစ်များ မရှိခြင်းအပေါ် ကုလသမဂ္ဂတာဝန်ရှိသူများက စိုးရိမ်လျက်ရှိသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်