ကော့မှူး  ၂၈   ဧပြီ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ရန်ကုန်တောင်ပိုင်း ခရိုင်ကော့မှူးမြို့နယ် မြို့မဈေးကြီးနှင့် ယာယီဈေးများတွင် ယမန်နေ့ညက ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင် ကာကွယ်ရေးအတွက်  ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်‌ ဆောင်ရွက်နေကြောင်း တွေ့ရသည်။

 

အဆိုပါမြို့မဈေးကြီးနှင့် ယာယီ‌ဈေးများအား ပြည်သူများ ကျောင်းသား ကျောင်းသူများ နေ့စဉ်ဝင်ထွက် သွားလာမှုအပေါ် ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနတို့ပူးပေါင်း၍ ပိုးသတ်ဆေးဖျန်းခြင်း လက်‌ဆေးရေကန်များထားရှိပေးခြင်း လုပ်ငန်းများ‌ကို ဆောင်ရွက်‌ပေးထား‌ ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)