သာစည် ၂၈ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉  ကာကွယ်ထိန်းချုပ်ရေးကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကုသရေးကော်မတီက ပြန်လည်လျှော်ဖွပ် အသုံးပြုနိုင်သည့် ပိုးသတ်ပြီး အဝတ်နှာခေါင်းစည်း (Mask) အခု ၅၀ဝ ကို သာစည်မြို့မဈေးကြီးနှင့် ယာယီပျံကျဈေးတို့၌ ဧပြီ ၂၈ ရက်နံနက်  ၈ နာရီက သွားရောက်ဖြန့်ဝေပေးပြီး ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဖြန့်ဝေရာတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လင်းမောင်နှင့်ကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် ပရဟိတအဖွဲ့များက  ပျံကျဈေးသည်များ၊ မြင်းလှည်းမောင်းသူများနှင့် ဈေးအတွင်းမှ အလုပ်သမားများကိုဖြန့်ဝေခဲ့ပေးပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက်  ဈေးသည်များတစ်ဆိုင်နှင့်တစ်ဆိုင် ၆ ပေအကွာရှိရန်၊  mask များ စနစ်တကျ တပ်ဆင်ကြရန်စသည်ဖြင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်း(သာစည်)