ရန်ကုန် ၂၈ ဧပြီ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ အရေးပေါ်ကာကွယ်တုန့်ပြန်ရေး အထောက်အကူပြု ကော်မတီမှ ယနေ့ နံနက်(၉)နာရီက ပေါက်ကုန်းရပ်ကွက် အတွင်းရှိ အပိုင်(၁)မှ အပိုင်(၁၄)အထိ ပိုးသတ်ဆေးများ ဖျန်းခြင်း၊ နှာခေါင်းစည်း(၈၀ဝ)ကျော်နှင့် လက်ဆေးဆပ်ပြာတို့ကို မင်္ဂလာဒုံ၊ ကျိုက္ကလို့ ဝတ္တကမြေတွင် ဖွင့်လှစ်ထားသော ယာယီ ပျံကျဈေး ဈေးသူဈေးသားများကို ဝေငှခဲ့ကြောင်း သိရသည်။
ပေါက်ကုန်းရပ်ကွက်တွင် အပိုင်(၁)မှ အပိုင်(၁၇)အထိ ရှိပြီး ပိုးသတ်ဆေးဖျန်းခြင်းကို ဧပြီ(၂၀)ရက်နေ့မှ စတင်၍ တစ်နေ့လျှင် အပိုင်(၁)ပိုင်အပြီး ဖျန်းခြင်းကို ပေါက်ကုန်းရပ်ကွက်၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ အရေးပေါ်ကာကွယ်တုန့်ပြန်ရေး အထောက်အကူပြု ကော်မတီအဖွဲ့နှင့် ပေါက်ကုန်း ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
နေပြည်တော်နေ ပါမေက္ခ ဒေါက်တာ နေစိုးမောင်(မိသားစု)မှ ငွေကျပ်(၁၀)သိန်းကျော် တန်ဖိုးရှိ နှာခေါင်းစည်းများနှင့် လက်ဆေးဆပ်ပြာတို့ကို ပေါက်ကုန်း ကိုဗစ်-၁၉ ကူးစက်ရောဂါ အရေးပေါ်ကာကွယ်တုံ့ပြန်ရေး အထောက်အကူပြု ကော်မတီအဖွဲ့မှ အဆိုပါပျံကျဈေးအတွင်း လိုက်လံ ဝေငှခဲ့ကြကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)


