ပုသိမ် ၂၈ ဧပြီ
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mytel ဆင်းကတ် နှင့် PPE ဝတ်စုံများ လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ Telecom International Myanmar Co,Ltd (Mytel) AYY Branch မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် Hot Line ဖုန်းနံပါတ်- ၀၉၆၆၆၁၀၉၉၉၉ နှင့် ဟန်းဆက်တစ်စုံ ၊ Mytel Sim card (၃၀၀၀) Corporate Vice Director ဦးကောင်းထက်လူ ကလည်းကောင်း ၊ ငွေကျပ်သိန်း ၁၂၀ တန်ဖိုးရှိ PPE (Surgical Grate) ဝတ်စုံ အစုံ ၃၀၀ ကို မြန်အောင်မြို့ ရောင်နီအရက်ချက်စက်ရုံပိုင်ရှင် ဦးတင်ဝင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း တို့က ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြန်/ဆက်


