လွိုင်ကော် ၂၈ ဧပြီ
ကယားပြည်နယ်အတွင်း COVID-19 ကာကွယ်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့သို့ ဧပြီ ၂၇ ရက်တွင် လွိုင်ကော် ဝိုင်အမ်စီအေအသင်းမှ ခြေနင်းလက်ဆေးဘေစင်နှင့် ဆပ်ပြာရည်(၁)စုံ၊ ဧပြီ ၂၈ ရက်တွင် Global South Industrial Co.,Ltd မှ PPE ဝတ်စုံ(၈၀)စုံနှင့် သာမိုမီတာ(၃၀)ခု၊ လွိုင်ကော်စက်မှုဇုန် လုပ်ငန်းရှင်များမှ PPE ဝတ်စုံ(၅၀)စုံ၊ မြရတနာငွေ ကုမ္ပဏီမှ ဆီ(၁၀၀)ပိဿာ၊ ဒေါ်မေမျိုးဇော်၊ ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ကြက်ဥအလုံး(၃၀၀)နှင့် KBZ Bank မှ Community Based Facility Quarantine ဝင်ရောက်သည့် (ဝန်ထမ်း+အရပ်သား) များအတွက် (နံနက်၊ နေ့လယ်၊ ည) တစ်ရက်တာအာဟာရအတွက် တစ်ဦးလျှင် (၂၈၀၀)ကျပ်နှုန်းဖြင့် ငွေကျပ်သိန်းသုံးရာ တိတိအား လည်းကောင်း အသီးသီးလာရောက်လှူဒါန်းကြရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထွန်းလေး (ပြန်/ဆက်)