တောင်ကြီး ၂၈ ဧပြီ

 

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိသော Volunteer များအတွက် ဖုန်း Sim Card အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဧပြီ ၂၈ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ Mytel မှ လာရောက်လှူဒါန်းကြောင်း သိရသည်။

 

လှူဒါန်းပွဲတွင် Mytel မှ တာဝန်ရှိသူတစ်ဦးက Sim Card (၁၀၀၀) ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ Mytel မှ လှူဒါန်းသော Sim Card တွင် Internet 5GB နှင့် ဖုန်းပြောဆိုခ ၂၀၀ မိနစ် အခမဲ့ပါဝင်ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)