ဘိုကလေး ၂၉  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပတ္တမြားကုန်းကျေးရွာ အုပ်စု၊ ပိန္နဲချောင်းဖျား ကျေးရွာ တွင် ဧပြီ(၂၆)ရက်က အမျိုးသားတစ်ဦး ဟင်းစားထွက်ရှာရင်း မိုးကြိုးဘေးသင့်၍ သေဆုံးမှု ဖြစ်ပွားခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ယမန်နေ့ ညနေ (၄) နာရီခန့်၌  သေဆုံးသူ၏ မိသားစု လက်ဝယ်အရောက် ကူညီထောက်ပံ့မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကူညီထောက်ပံ့ရာတွင် မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ၏ မိသားစုအတွက် ကူညီထောက်ပံ့ငွေ (၃)သိန်းကျပ် အား သေဆုံးသူ၏ ဇနီးလက်ဝယ်အရာက် ပေးအပ်ထောက်ပံ့ခြင်းဖြစ်ကြောင်း မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

 

မိုးစက်(ဘိုကလေး)