ညောင်ဦး ၂၉ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူလူနာနှင့် ထိတွေ့သူ(၁၀)အား ပုဂံမြို့ ရွှေပိုးအိမ်ဟိုတယ်တွင် အသွားအလာစောင့်ကြည့်သူများအဖြစ် ထားရှိ လျက် ရှိရာ ယခုအခါ သတ်မှတ်ရက်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စောင့်ကြည်သူများ ထားရှိသည့်နေရာသို့ မန္တလေးတိုင်းဒေသကြီးလွတ်တော်ကိုယ်စား လှယ်(၁) ဦးဝင်းမြင့်ခိုင်၊ မြို့နယ်အုပ်ချုပ်ရေး ဦးမြင့်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး စိုးလွင်၊ ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများ သွားရောက်တွေ့ဆုံ၍ ကျန်းမာရေးစစ်ဆေးမှုများနှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် စောင့်ကြည့်သူများအား မိမိတို့နေအိမ် တွင်လည်း ရက်သတ္တ(၁) ပတ်ခန့် Home Quarantine အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း စည်းကမ်းတကျ နေထိုင်ရန်နှင့် ထူးခြားမှုရှိက ချက်ချင်းတင်ပြရန် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက မှာကြားသည်။
ထိုပြင် ပြန်လွတ်စေလွတ်သူ (၁၀) အနက်(၆) ဦးအား ၎င်းတို့နေရပ်များသို့ ပို့ဆောင်ပေးခဲပြီး ကျန် (၄) ဦးတို့မှာ Home Quarantine မနေလိုသဖြင့် ၎င်းတို့အစီအစဉ်ဖြင့် သတ်မှတ်ရက်ပြည့်ပြီးသည့်အထိ ရွှေပိုးအိမ်ဟိုတယ်တွင် ဆက်လက်နေထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)


