ကံမ   ၂၉    ဧပြီ

 

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်တွင် မြစ်‌ချောင်းအင်းအိုင်များနှင့် အလှမ်းကွာဝေးပြီး မြေအောက်ရေ တူးဖော်ရန်ခက်ခဲသည့်  ရေရှားပါးသော ကျေးရွာများအနက် သစ်မယ်ဇီ ကျေးရွာမှ ပြည်သူများနှင့် ကျွဲ၊နွား တိရစ္ဆာန်များ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့်မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ ဝန်ထမ်းများပူးပေါင်း၍ သောက်သုံးရေ  ဂါလန် ၃၄၀ဝ အား ယမန်နေ့ ညနေက အဆိုပါကျေးရွာသို့ သွားရောက် လှူဒါန်းခဲ့ကြသည်။   

 

2020

    

         

အဆိုပါ သစ်မယ်ဇီကျေးရွာတွင်   ပေ ၁၀ဝ ပတ်လည် အနက် ၆ ပေ ရှိသော     မြေသားမိုး ရေလှောင်ကန်  ၂ ကန် ရှိသော်လည်း ယမန်နှစ်က မိုးနှောင်းကာလတွင် မိုးရွာသွန်းမှု နည်းပါးခဲ့ရာ မိုးရေ‌လှောင်ကန်များအတွင်း ရေအပြည့်အဝ မရရှိခဲ့ခြင်းကြောင့် ရေများလျော့နည်း ရှားပါးခဲ့ကြောင်း အဆိုပါ ကျေးရွာတွင် အိမ်ခြေပေါင်း ၁၂၈ အိမ်နှင့် လူဦးရေ ၅၅၉ ဦး နေထိုင်လျှက်ရှိပြီး ယခုကဲ့သို့လှူဒါန်းခဲ့သည့် သောက်သုံးရေများအား ရွာဦးဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ အုတ်ရေကန်များတွင် သိုလှောင်ပြီး ထိုမှတဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရန်   ကျေးရွာသူကျေးရွာသား များအား   စနစ်တကျဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ် ဦးစီးမှုး ဦးသူရရှိန်၏ ပြောကြားချက်အရ သိရသည်။

 

ကျော်ဇေယျဝင်း(ပြန်/ဆက်)

 

202489