၂၉ ဧပြီ
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ကြောင့် ထပ်မံသေဆုံးသူ သုံးဦး၊ ရောဂါကူးစက်ခံရသူများအနက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၅၃၉ ဦးရှိကြောင်းနှင့် ကူးစက်ခံရသူပေါင်း ၂၉၉၇၄ ဦး ရှိပြီး သေဆုံးသူ ၉၃၇ ဦး ရှိလာကြောင်း အိန္ဒိယဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ညနေက ပြောကြားခဲ့သည်။
ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံဆင်းလာသူ ၇၀၂၇ ဦး ရှိကြောင်း ထိုကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ဧပြီ ၂၈ ရက်နေ့သည် နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတစ်ဝှမ်း အဝင်အထွက် ကန့်သတ်ပိတ်ဆို့ထားမှုကာလ ၏ ၃၅ ရက်မြောက်နေ့ဖြစ်သည်။
အဆိုပါ အဝင်အထွက် ကန့်သတ်ပိတ်ဆို့မှုကို မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး မေလ ၃ ရက်နေ့အထိ ကန့်သတ်ကာလတိုးမြှင့်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို