ကျောင်းကုန်း ဧပြီ ၂၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်း များအား စားသောက်ကုန် ထောက်ပံ့လှူဒါန်းမှုကို မြို့နယ်ပြည်သူ့ဆေးရုံရှိ အရေးပေါ်ဌာန၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

 

788

 

ကျောင်းကုန်းမြို့နယ်အသင်း(ရန်ကုန်)အတွင်းရေးမှူး ဦးကြည်လွင်+ဒေါ်သီသီဆန်း (ထွန်းမြတ်သူ ကုမ္ပဏီ)မိသားစုမှစာသင်တိုက်(၄)တိုက်အား ဆွမ်းဆန်နှစ်အိတ်၊ ဆီနှစ်ပုံး၊ စားတော်ပဲ တစ်အိတ်၊ ဘုန်းတော်ကြီးကျောင်း (၂၃)ကျောင်းအား ဆွမ်းဆန်တစ်အိတ်၊ ဆီတစ်ပုံး၊ စားတော်ပဲတစ်အိတ် တို့ လှူဒါန်းခဲ့သည်။

 

96635

 

ထို့နောက် ကိုဗစ်-၁၉ ကာလအတွင်းစွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာန ဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတလူငယ်များ စုစုပေါင်း(၂၇၂)ဦး တို့အား ဆန်(၅ပြည်၊ ဆီ(၅၀)သား၊ စားတော်ပဲ (၅၀)သားစီ စုစုပေါင်း ငွေကျပ်(၄၁)သိန်းကျော်ဖိုး ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)

 

612020