ခင်ဦး ၂၉ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့မိမြို့ဖအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ဦးဆောင်၍ မြို့ပေါ်(၅)ရပ်ကွက် ဘုန်းတော်ကြီးကျောင်းများနှင့် ပရိယတ္တိ စာသင်တိုက်များသို့ ဧပြီ ၂၉ ရက်နေ့ နံနက် ၉ နာရီက ဆွမ်းဟင်း အခက်အခဲမရှိစေရန် ပဲ၊ ကြက်သွန်နီ နှင့်ဟင်းသီးဟင်းရွက်များ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ မြို့ပေါ်(၅)ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း (၂၆) ကျောင်းမှ သံဃာတော်အပါး(၁၀၆)ပါး၊ မြေထူး ပရိယတ္တိ စာသင်တိုက်မှသံဃာတော်အပါး (၄၁) ပါးနှင့် နန်းဦးပရိယတိစာသင်တိုက်မှ သံဃာတော်အပါး (၆၂) ပါး၊ စုစုပေါင်း သံဃာတော်အပါး (၂၀၉) ပါးတို့မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန် ဆွမ်းခံထွက်ရန် အခက်အခဲရှိနေ ခြင်းကြောင့် ဆွမ်းဟင်းအခက်အခဲမရှိစေရန် တစ်နိုင် တစ်ပိုင် စေတနာအလှူရှင်များလှူဒါန်းသော ပဲ၊ ကြက်သွန်နီ နှင့်ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ဦးဆောင်၍ သွားရောက်လှူဒါန်းခဲ့ကြကြောင်း မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။
ချစ်စံ(ခင်ဦး)


