လွိုင်ကော်   ၂၉  ဧပြီ

 

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ဝန်ထမ်းများအနေလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများအား ထိရောက် အောင်မြင်စွာဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် အဆိုပါ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ဝန်ထမ်း(၁၆၀၈) ဦး တို့အတွက် ဆန်၊ ဆီနှင့် ကြက်ဉများ ထောက်ပံ့ပေး နိုင်ရေးအတွက် စေတနာရှင်၊ အလှူရှင်များ ပံ့ပိုးမှုဖြင့် စီမံ ဆောင်ရွက်ခဲ့သည်။

12543


ကျန်းမာရေးဝန်ထမ်းများသို့ ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပြည်နယ် အတွင်းရှိ ကျန်းမာရေးနှင့် ကုသရေး ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ပြီး တာဝန်ရှိသူ အသီးသီးမှ လက်ခံ ရယူဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

54896

အဆိုပါ လွိုင်ကော်ခရိုင်အတွင်းရှိ မြို့နယ်နှင့် မြို့များရှိ ကျန်းမာရေးဝန်ထမ်း တစ်ဉီး အတွက် ဆန်()ပြည်၊ ဆီ () ပိဿာနှင့် ကြက်ဉ (၁၀) လုံး နှုန်းဖြင့် ထောက်ပံ့ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က လွိုင်ကော်ပြည်သူ့ ဆေးရုံကြီး၌ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။

65489


ထွန်းလေး (ပြန်/ဆက်)