မြန်အောင် ၂၉ ဧပြီ
မြန်အောင်မြို့နယ် ညောင်ဝိုင်းအုပ်စု ဆင်ကျွန်းကျေးရွာတွင် ယနေ့ နံနက် ၆ နာရီမှ ၆ နာရီခွဲအတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃)လုံးနှင့် တိရစ္ဆာန် အသက်ကယ်ကုန်း အဆောက်အဦ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု (၃)စု၊ ကျား(၆)ဦး၊ မ (၇)ဦး ပေါင်း(၁၃) ဦး လေဘေးသင့်ခဲ့ရာ စုစုပေါင်း ကာလ တန်ဖိုး(၂၂၂၅၀ဝ)ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက် သေဆုံးမှုမရှိကြောင်း သိရှိရသည်။
ဝင်းဗိုလ် မြန်အောင်
သတင်းဓာတ်ပုံ -ရွှေကျင်နယ်မြေရဲစခန်း


