ဝါးခယ်မ ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီက ဈေးရပ်ကွက်၌ ပြုလုပ်လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးနှင့် ကော်မတီဝင်များက ကြီးကြပ်ပြီး ဝန်ထမ်းများ၊ စက်ယန္တရားများဖြင့် ရေကျော်ရပ်ကွက်မှ မင်းပိုင်းရပ်ကွက်အထိ မြူရုံးလမ်းမကြီး ဝဲ/ယာ များရှိ ရေနုတ်မြောင်းများအား ရေဆိုးများဖယ်ရှားခြင်း၊ အမှိုက်များ ဆယ်ယူခြင်း၊ တိမ်ကောနေသော ရေနုတ်မြောင်းများအား တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူပင် ကျန်ရှိသော မြို့ပေါ်ရပ်ကွက်များရှိ အဓိကရေထွက်ပေါက်များ၊ ရေနုတ်မြောင်းများကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)


