နွားထိုးကြီး   ၂၉    ဧပြီ

 

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ညောင်ပင်ဇောက် ကျေးရွာနေ မင်းသော်ဦးသည် ဧပြီ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာပြီး ၎င်း၏ယာကွက် အတွင်း နေထိုင်ခဲ့သည်။

 

ဧပြီ(၁၂)ရက်နေ့တွင် ကျေးရွာပြည်သူ များ၏ သဘောထားဆန္ဒအရ ကျေးရွာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက်သီးသန့်နေထိုင်ရန် သတ်မှတ်ထားသော (အမကခွဲ)ကျောင်းဆောင်အတွင်း ပြောင်းရွှေ့နေထိုင်ပြီး ကျန်းမာရေးပြုစု စောင့်ရှောက် စစ်ဆေးမှုခံယူရန်  ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြောဆိုခဲ့သော်လည်း မင်းသော်ဦးမှ လိုက်နာမှုမရှိဘဲ တာဝန်ရှိသူများအား မချေမငံ ပြောဆိုခြင်း၊ ကျန်းမာရေးပြုစု စောင့်ရှောက် စစ်ဆေးမှုခံယူရန် ငြင်းဆန်ခဲ့သဖြင့် ဥပဒေအရ အရေးယူပေးရန် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီအတွင်းရေးမှူးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။

 

မင်းသော်ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀(က)အရ အလုပ်နှင့်ထောင်ဒဏ်(၆)လ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

သန်းအောင်ဇော်

ပြန်/ဆက်