ပဲခူး ၂၉ ဧပြီ

 

ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်း နွေရာသီ ရေရှားပါးမှု ကြုံတွေ့ရသည့် ကျေးရွာများရှိပြည်သူများ သောက်သုံးရေရရှိရေးအတွက် ကျေးရွာအရောက် သွားရောက်ဖြန့်ဝေမှုများ ပြုလုပ်‌ပေးလျက်ရှိကြောင်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   မတ်လအတွင်း၌ ကဝမြို့နယ် စာဖြူစုကျေးရွာ၊ သနပ်ပင်မြို့နယ် ဉာဏ်ကျွန်းကျေးရွာတို့တွင် မတ်လ(၂၂)ရက်နေ့မှ (၂၅) ရက်နေ့အထိ ရေဂါလန်ပေါင်း (၄၅၀၀) ဖြန့်‌ဝေပေးခဲ့ပြီး ဧပြီလအတွင်းတွင်လည်း ပဲခူးမြို့နယ်  ကလိကျေးရွာ၊ ကဝ မြို့နယ် မမောက်ကျေးရွာနှင့် ကန်တော်ကျေးရွာ၊ သနပ်ပင်မြို့နယ် ကျွဲတဲကျေးရွာ၊ ဆယ်ဧကကျေးရွာနှင့် သနတ်တန်းကျေးရွာ၊ တောင်ငူမြို့နယ်  ကျောက်ပါးစပ်ကျေးရွာနှင့် စပါးလင်ကုန်းကျေးရွာများတွင် ဧပြီ(၇)ရက်နေ့မှ(၂၅)ရက်နေ့အထိ ရေဂါလန်ပေါင်း (၂၇၄၂၀၀) ဂါလန်အား ကျေးရွာ အရောက်ဖြန့်ဝေခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအ‌နေဖြင့် ဧပြီလ(၂၈)ရက်နေ့အထိ တိုင်းဒေသကြီးအတွင်း နွေရာသီရေရှားပါးမှုနှင့် ကြုံတွေ့နေရသည့် ပဲခူး၊ သနပ်ပင်၊ ကဝ၊ တောင်ငူ စသည့်မြို့နယ်(၄) မြို့နယ်ရှိ ကျေးရွာပေါင်း (၁၀) ရွာမှ အိမ်ခြေ (၂၆၇၇) အိမ် ၊ လူဦးရေ (၁၄၄၄၀) တို့အတွက် ရေဂါလန် ပေါင်း (၂၇၈၇၀၀) ဂါလန် ဖြန့်ဝေပေးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)