ဝေါ ၂၉ ဧပြီ
ဝေါမြို့တွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအား စနစ်တကျ ပြန်လည်လက်ခံနိုင်ရေး အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင် က ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများသည် မေ ၁ ရက်မှ ၁၀ ရက်နေ့အထိ လူဦးရေစုစုပေါင်း (၁၂၆၉)ဦး ဝင်ရောက် လာမည်ဖြစ်ရာ ထိုသူများ၏ နေထိုင်ရေးစားသောက်ရေး၊ ကျန်းမာရေးကဏ္ဍများ အဆင်ပြေစေရန် ဌာနဆိုင်ရာ များနှင့် ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)


