ရန်ကုန်  ၂၉  ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အဖွဲ့ဝင်များက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှလည်းကောင်း၊ ကျန်အဖွဲ့ဝင်များက သက်ဆိုင်နေရာဒေသများမှ လည်းကောင်း ပါဝင်ဆွေးနွေးကြသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် CMP စနစ်ဖြင့် ဆောင်ရွက်မည့် အိတ်ချုပ် လုပ်ငန်းများ၊ အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းများ၊ Roof Sheet, Deck Sheet, Steel Angel ထုတ်လုပ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၄)ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု(၁)ခုတို့ကို အတည်ပြုပေးခဲ့သည်။

 

အတည်ပြုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၈၂၁ သန်းနှင့် မြန်မာကျပ်ငွေ (၁၂၅၅ ဒသမ ၀၅)သန်းဖြစ်ပြီး လုပ်ငန်း(၅)ခုတို့မှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၁၉၀၀)ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ(၁၄)ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

ဆန်းကျော်ဦး (ပြန် / ဆက်)