(၂၉-၄-၂၀၂၀)
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့် အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်သူ့ကျန်းမာရေး ပညာရှင်များ၊ ကုသရေးပိုင်းဆိုင်ရာမှ ပညာရှင်များသည် ရရှိသော ဘဏ္ဍာရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်း ကိရိယာများနှင့် လူ့စွမ်းအား အရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ အသုံးပြု၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလ ုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။
တစ်ချိန်တည်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အခြား ကူးစက်တတ်သောရောဂါများ၊ မကူးစက်တတ်သော ရောဂါအမျိုးမျိုးနှင့် စပ်လျဉ်း၍ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများ၊ စီမံခန့်ခွဲအုပ်ချုပ်ရေး လုပ်ငန်းများနှင့် စီမံချက်လုပ်ငန်းများကိုလည်း လစ်ဟာမှုမရှိစေရန် ဆောင်ရွက်လျက်ရှိပါသည်။
ယခုကာလတွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေကြောင့် အထက်ပါ ပြည်သူ့ကျန်းမာရေး စီမံချက်လုပ်ငန်းများကို ပုံမှန်အခြေအနေအတိုင်း အပြည့်အဝဆောင်ရွက်၍ မရသော်လည်း ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက်လုပ်ငန်း (၇၀) ခုအနေဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စီမံချက်ဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို ပြန်လည်သုံးသပ်ဆန်းစစ်၍ ပိုမိုတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေးစီမံချက် အမျိုးအစားအလိုက် လုပ်ငန်းများအားလုံးကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်ရန် အစီအစဉ်များ ချမှတ်ပြီး COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်သည့် အခြေအနေတစ်ခုသို့ ရောက်ရှိလာပါက ဆောင်ရွက်နိုင်သည့် နေရာဒေသများတွင် တတ်နိုင်သမျှ အဆိုပါ လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပြန်လည်ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီးမှ ဆောင်ရွက်လျက်ရှိသော ကျန်းမာရေး စီမံချက်များ (၂၉-၄-၂၀၂၀)
(၁) မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေးစီမံချက်
(၂) ကျား/မရေးရာ ကဏ္ဍဆိုင်ရာစီမံချက်
(၃) ကလေးကျန်းမာရေးဖွံ့ဖြိုးရေးစီမံချက်
(၄) အမျိုးသမီးနှင့် ကလေး ကျန်းမာရေးစီမံချက်
(၅) ဆယ်ကျော်သက်လူငယ် ကျန်းမာရေးစီမံချက်
(၆) ကျောင်းကျန်းမာရေးစီမံချက်
(၇) ရေ၊ မိလ္လာနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးစီမံချက်
(၈) လုပ်ငန်းခွင်ကျန်းမာရေးစီမံချက်
(၉) အဆိပ်အတောက်ဆိုင်ရာစီမံချက်
(၁၀) ပတ်ဝန်းကျင်ကျန်းမာရေးစီမံချက်
(၁၁) အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနစီမံချက်
(၁၂) ပဏာမကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးဝန်ထမ်းများ၏ စီမံခန့်ခွဲမှု စွမ်းရည် မြှင့်တင်ရေး စီမံချက်
(၁၃) သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုစီမံချက်
(၁၄) ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းစီမံချက်
(၁၅) ကျန်းမာရေးဆိုင်ရာ ဆက်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးစီမံချက်
(၁၆) ကျန်းမာရေးအသိပညာဆိုင်ရာ ဆက်သွယ်ခြင်းလုပ်ငန်းစီမံချက်
(၁၇) ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများစောင့်ကြပ်ကြည့်ရှုခြင်း စီမံချက်
(၁၈) ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်မှု ကျွမ်းကျင်မှုဆိုင်ရာ သင်တန်း လုပ်ငန်းစီမံချက်
(၁၉) ရေချိုခရုမှတစ်ဆင့် ကူးစက်တတ်သော သံပြားကောင်ရောဂါ (Schistosomiasis) ကာကွယ် ထိန်းချုပ်ရေး စီမံချက်
(၂၀) အသစ်ဖြစ်ပေါ်လာသော ရောဂါများနှင့် ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေး စီမံချက်
(၂၁) ကမ္ဘာ့တုပ်ကွေး ကပ်ရောဂါ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းစီမံချက်
(၂၂) တုပ်ကွေးဆန်သော ရောဂါလက္ခဏာစုများနှင့် ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ လက္ခဏာစုများ စောင့်ကြပ်ကြည့်ရှုခြင်းစီမံချက်
(၂၃) မဟာမဲခေါင်ဒေသတွင်း ကျန်းမာရေး လုံခြုံမှုဆိုင်ရာစီမံချက်
(၂၄) အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဌာန်းချက်
(၂၅) အမျိုးသားအသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံချက်
(၂၆) တစ်ခုတည်းသော ကျန်းမာရေးနှင့် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း
(၂၇) တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်
(၂၈) ဘေးအန္တရာယ်နှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်စီမံချက်
(၂၉) အမျိုးသားငှက်ဖျားရောဂါ တိုက်ဖျက်ရေးစီမံချက်
(၃၀) သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်ရောဂါ ကာကွယ်နှိမ်နင်းရေးစီမံချက်
(၃၁) အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း
(၃၂) မျက်ခမ်းစပ်နှင့် မျက်မမြင်ရောဂါ တိုက်ဖျက်ရေးစီမံချက်
(၃၃) အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်
(၃၄) အနာကြီးရောဂါ တိုက်ဖျက်ရေးစီမံချက်
(၃၅) နှလုံးသွေးကြောရောဂါ ကာကွယ်ထိန်းသိမ်းရေးစီမံချက်
(၃၆) စိတ်ကျန်းမာရေးစီမံချက်
(၃၇) နားလေးရောဂါ တိုက်ဖျက်ရေးစီမံချက်
(၃၈) ဆီးချို သွေးချို ကာကွယ်ထိန်းသိမ်းရေးစီမံချက်
(၃၉) အတက်ရောဂါစီမံချက်
(၄၀) မြွေကိုက်ရောဂါ ထိန်းသိမ်းရေးစီမံချက်
(၄၁) ထိခိုက်အန္တရာယ် ကာကွယ်ရေးစီမံချက်
(၄၂) နာတာရှည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာစီမံချက်
(၄၃) ကင်ဆာရောဂါ တိုက်ဖျက်ရေးစီမံချက်
(၄၄) လူထုအခြေပြု မသန်စွမ်းမှုကာကွယ်ရေးစီမံချက်
(၄၅) ဆေးလိပ်၊ ဆေးရွက်ကြီးတိုက်ဖျက်ရေးစီမံချက်
(၄၆) Capacity of MoHS strengthened on Health financing and Public Financial Management
(၄၇) စီမံခန့်ခွဲမှုအထောက်အကူပြု ကျန်းမာရေး သတင်းစနစ်စီမံချက်
(၄၈) e-Health and ICT လုပ်ငန်းစီမံချက်
(၄၉) ပဏာမ သွားနှင့် ခံတွင်းကျန်းမာရေးစီမံချက်
(၅၀) ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲစီမံချက်
(၅၁) သူနာပြုစုရေးစီမံချက်
(၅၂) အန္တရာယ်ကင်း၍ စိတ်ချရသော သွေးများရရှိရေးစီမံချက်
(၅၃) ဆေးနှင့်ဆေးပစ္စည်း စီမံခန့်ခွဲမှု စီမံချက်
(၅၄) ဆေးလူမှုဆက်ဆံရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်
(၅၅) မြန်မာနိုင်ငံ အဓိကဆေးဝါးစီမံချက်
(၅၆) နယ်စပ်ဒေသ ဆေးရုံများ အဆင့်မြှင့်တင်ရေးစီမံချက်
(၅၇) ပြည်သူ့ဆေးရုံများ ဆေးကုသမှု အရည်အသွေးမြှင့်တင်ရေးစီမံချက်
(၅၈) မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံချက်
(၅၉) ဆေးကုသမှုဆိုင်ရာ စိစစ်ရေးစီမံချက်
(၆၀) အစားအသောက်ဘေး အန္တရာယ်ကင်းရှင်းရေးစီမံချက်
(၆၁) ဆေးဝါးဘေးအန္တရာယ် ကင်းရှင်းရေးစီမံချက်
(၆၂) ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်
(၆၃) တိုင်းရင်းဆေး ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်
(၆၄) ကူးစက်ရောဂါ သုတေသနလုပ်ငန်းစီမံချက် (ဆေးသုတေသန)
(၆၅) မကူးစက်နိုင်သည့်ရောဂါ သုတေသနလုပ်ငန်းစီမံချက် (ဆေးသုတေသန)
(၆၆) အာဟာရဓာတ်ဆိုင်ရာ သုတေသနလုပ်ငန်းစီမံချက် (ဆေးသုတေသန)
(၆၇) ကျန်းမာရေးစနစ် သုတေသနလုပ်ငန်းစီမံချက် (ဆေးသုတေသန)
(၆၈) ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုများကြောင့်ဖြစ်သော ကျန်းမာရေးဆိုင်ရာ သုတေသန လုပ်ငန်း စီမံချက် (ဆေးသုတေသန)
(၆၉) တိုင်းရင်းဆေးဝါးဆိုင်ရာ သုတေသနလုပ်ငန်းစီမံချက် (ဆေးသုတေသန)
(၇၀) နည်းပညာဖွဲ့ဖြိုးမှုဆိုင်ရာ သုတေသနလုပ်ငန်းစီမံချက် (ဆေးသုတေသန)
(မှတ်ချက်။ အထက်ဖော်ပြပါ စီမံချက်တစ်ခုချင်းစီကို စီမံချက်မန်နေဂျာတစ်ဦးစီမှ တာဝန်ယူ၍ ဆောင်ရွက်လျက်ရှိပါသည်)
Ref; Ministry of Health and Sports, Myanmar


