ဟားခါး     ၂၉  ဧပြီ

 

ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ဆေးရုံများတွင် အသုံးပြုနိုင်ရန်အတွက် တံတားဦးစီးဌာန၊ တံတားစီမံကိန်းအဖွဲ့(၁)မှ ငွေကျပ် သိန်း ၅၀ တန်ဖိုးရှိ ဆေးနှင့် ဆေးရုံသုံး ပစ္စည်းများ လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် တံတားဦးစီးဌာန၊ တံတားစီမံကိန်း အမှတ်(၁)မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက ချင်းပြည်နယ်အတွင်း ဟားခါး၊ ဖလမ်း၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံများအတွက် အသုံးပြုနိုင်ရန် Oxygen Concentrator စက် ၄ လုံး အပါအဝင် ဆေးနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကျပ်သိန်း ၅၀ တန်ဖိုးရှိ ဆေးနှင့် ဆေးရုံသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

မြင့်နိုင်စိုး(ပြန်/ဆက်)