ဆိပ်ဖြူ  ၂၉ ဧပြီ  

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် နွေစပါးစိုက်ပျိုးရန် လယ်ယာမြေများပေါ်တွင် နှစ်စဉ်ရာသီချိန်မီ ကိုယ်ပိုင်ရေတွင်း၊ ကိုယ်ပိုင်ရေစုပ်စက်များဖြင့် နွေစပါးဖြစ်ထွန်းရေး နည်းပညာများ ရယူကြပြီး စီးပွားဖြစ် မစိုက်ပျိုးနိုင်သော်လည်း မိသားစုဝမ်းစာအတွက် စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။

 

ယခုနှစ်နွေစပါးကို မတ်လ () ရက်က အစောဆုံး ပျိုးထောင်ကြပြီး ပျိုးသက် (၁၂) ရက်ဖြင့် စိုက်ပျိုးကြကြောင်း၊ ရက်ပေါင်း (၁၃၀/၁၃၅) ရက်ဆိုလျှင် ရိတ်သိမ်းကြကြောင်းနှင့် အခြား နွေစပါးစိုက်ကြသည့် တောင်သူများကလည်း ဘောင်စနစ်ဖြင့် ပျိုးထောင်ကြပြီး သိပ္ပံနည်းကျ စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်မင်းနိုင်က ပြောသည်။

 

ဆိပ်ဖြူမြို့နယ်တွင် နွေစပါးစိုက်ဧက (၂၆၇) ရှိပြီး ရွာသာအေး အုပ်စု၊ ရွာသာအေး ကျေးရွာတွင်းရှိ နွေစပါး စိုက်ပျိုး (၅၈) ဧကရှိသည့်အနက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပျိုသက်နု ကောက်ကွက်ကျဲ (SRI) စနစ် ဖြင့် (၁၀) ဧကအား စိုက်ပျိုးတောင်သူ (၁၀) ဦးဖြင့် မနောသုခမျိုးစပါးကို စံပြစိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

ကိုမျိုး (ယောဧရာ)