ဘုတလင်  ၃၀  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူ့ အားကစားကွင်းအတွင်း ဖွင့်လှစ်ထားသော ယာယီဈေးအတွင်းရှိ ဈေးဆိုင်နေရာများအား ဧပြီ ၂၉ ရက်၊ ညနေ ၃ နာရီက ပိုးသတ်ဆေးများ ပက်ဖျန်းခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်ထံမှ သိရသည်။

 

ယာယီဈေးအတွင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ (၆)ပေ အကွာအဝေးစီ စနစ်တကျ နေရာသတ်မှတ်ပေးထားသည့် သားငါးဆိုင်ခန်း၊ ကုန်စိမ်းဆိုင်ခန်း (၂၅၃)ခန်းနှင့် အများပြည်သူ ထိတွေ့ကိုင်တွယ်မှုများသည့် ဈေးဆိုင်စားပွဲများ၊ ပြည်သူ့အားကစားကွင်းရှိ အားကစား ပစ္စည်းများကို ပိုးသတ်ဆေးများ ပက်ဖျန်းခဲ့ကြသည်။

 

ယာယီဈေးအတွင်း ပိုးသတ်ဆေးပက်ဖျန်းရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေး ကော်မတီမှ ပိုးသတ်ဆေးဘူးကြီးများ ထောက်ပံ့ပေးထားပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်၊ အမှုဆောင်အရာရှိ ဒေါ်ခိုင်ခိုင်စိုးနှင့် ကော်မတီဝင်များက ပိုးသတ်ဆေး ပက်ဖျန်းခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)