မိုင်းခတ် ၃၀ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မြို့မဈေး၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များနှင့် Electronic အရောင်းဆိုင်များအား Face Shield အကာအကွယ်ပစ္စည်းများ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါပစ္စည်းများဖြန့်ဝေပေးရာသို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်၊ မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနွဲ့၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ လူစုလူဝေးများမပြုလုပ်ကြရန်၊ လက်များကို မကြာခဏဆေးကြရန်၊ အပြင်သွားပါက Mask များ စနစ်တကျတပ်ကြရန် ပြည်သူများအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးဒေ (မိုင်းခတ် ပြန်/ဆက်)


