သာယာဝတီ     ၃၀   ဧပြီ 

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ဒေသခံ ပြည်သူများ (ပျိုးပင်)သစ်ပင်များ အခမဲ့ရယူစိုက်ပျိုးနိုင်ရန်အတွက် သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနရှိ ပျိုးဥယျာဉ်အတွင်း ပျိုးပင်ပေါင်း (၃၅၀ဝ၀) ကို စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သိရှိရသည်။

 

လာမည့် ဇွန်၊ ဇူလိုင် မိုးကျရာသီတွင် ပျိုးပင်များအား အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ပြီး၊ ဒေသနှင့်ကိုက်ညီသည့် အပင်များကို ပျိုးပင်အဖြစ် စိုက်ပျိုးပေးထားခြင်းဖြစ်ကြောင်း၊ ယမန်နှစ်ကလည်း ပျိုးပင်ပေါင်း (၅၃၀ဝ၀)ကျော် ဖြန့်ဝေခဲ့ပါကြောင်း၊ ဒေသခံပြည်သူများအပြင် ဌာနဆိုင်ရာများ၊ လူမှူရေးအသင်းအဖွဲ့များက အများဆုံးလာရောက် ထုတ်ယူစိုက်ပျိူးလျက်ရှိကြောင်း သိရှိရသည်။

 

ယခုနှစ်ပျိုးထောင် စိုက်ပျိုးထားသည့် အပင်များမှာ ကျွန်းပင် (၁၄၀ဝ၀)၊ ပျဉ်းကတိုးပင် (၃၀ဝ၀)၊ မန်ဂျန်ရှားပင် (၁၆၀ဝ၀)၊ ခရေပင် (၁၀ဝ၀)နှင့် ကံ့ကော်ပင် (၁၀ဝ၀) တို့ ဖြစ်ကြောင်း မြို့နယ် သစ်တောဦးစီးမှုးရုံးမှ သိရှိရသည်။

 

သန့်ဇော်(ပြန်/ဆက်)