ရေကြည်   ၃၀   ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ကျေးရွာချင်းဆက်လမ်း  လမ်းပြင်ထိန်း လုပ်ငန်း စတင် အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ယနေ့နံနက်  ၁၀  နာရီက တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုခြင်းနှင့်  လမ်းလုပ်သားများအား Mask  နှာခေါင်းစီးများ ဝေငှလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရေကြည်မြို့နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၂) မြို့ပြ မြို့နယ်တာဝန်ခံ  ဒေါ်ဝါဝါကျော်နှင့် တာဝန်ရှိသူများသည် နွားရေတိုက်ကျေးရွာအုပ်စုနှင့် ပန်းဇံကွင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာချင်းဆက်လမ်း လမ်းအကျယ် ၁၂  ပေ အလျား (၁.၂)မိုင် လမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရှိရသည်။

 

ဆန်းတင့်(ရေကြည်)