ညောင်ဦး ၃၀ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း တန်ခိုးကြီးဘုရားစေတီပုထိုးများ ဖူးမြော်ခွင့်ကို ယခင်က ဧပြီ ၃၀ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သတ်မှတ်ထားမှုအား ယခုအခါ မေ ၁၅ ရက်နေ့ထိ ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)


