မိုးကောင်း ၃၀ ဧပြီ
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀ဝ၀)ပေးအပ်ပွဲကို မြို့တော်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။
ပေးအပ်ပွဲ၌ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ကအဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက မြို့နယ်တွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြောကြားသည်။
ယင်းနောက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိုးကောင်းမြို့နှင့် နမ္မတီးမြို့ပေါ်ရပ်ကွက် (၁၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၁)အုပ်စုတို့မှ လမ်း/တံတားနှင့် အခြားလုပ်ငန်းခွဲ စုစုပေါင်း(၄၇)ခုအတွက် သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံ လုပ်ငန်းအသီးသီးအလိုက် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ ပေးအပ်ကြောင်းသိရသည်။
သန်းလွင်ဦး(မိုးကောင်း)


