ပန်းတနော် ၃၀ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့အနောက်ပိုင်းရပ်ကွက် မြို့နယ်ဘောလုံးအားကစားကွင်းတွင် ဖွင့်လှစ်ထားသည့် ယာယီပျံကျဈေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ နေ့စဉ် ညနေပိုင်းတွင် အမှိုက်များရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပန်းတနော်မြို့ ယာယီပျံကျဈေး၌ ဈေးရောင်း၊ ဈေးဝယ်သူများ ကိုဗစ်-၁၉ ရောဂါကင်းရှင်းစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးပရဟိတအသင်းများမှ ဈေးအတွင်း ပိုးသတ်ဆေးဖျန်းခြင်း၊ အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်း၊ ဈေးရောင်းဝယ်သူများ နှာခေါင်းစည်းတပ်ဆင်၍ ရောင်းဝယ်ခြင်းများ ပြုလုပ်ကြရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)


