ရှင်ဗွေယန်  ၃၀ ဧပြီ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲက လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေထိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းစေရေး ရည်ရွယ်၍ မိုးဦးကာလနှင့်မိုးကာလတို့တွင် အဖြစ်များသော ဒေသအတွင်းသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်(၄)ရပ်ကွက်အတွင်းသို့  လှည့်လည်အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

 

ဒေသအတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းများက နေ့စဉ်အလှည့်ကျ ရပ်ကွက်အတွင်းသို့လှည့်လည်၍ ပြည်သူအများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

 

လင်းသွယ်ဦး