တွံတေး  ၃၀ ဧပြီ

ရန်ကုန်တိုင်းဒေကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ပြည်သူများ မီတာဘေလ် ပေးဆောင်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်စေရေးအတွက် မြို့နယ်လျှပ်စစ်မီတာရုံးမှ လူစုလူဝေးများ မဖြစ်ပေါ်စေရေးအတွက် မတ်လအတွက် ကျသင့်သော လျှပ်စစ်ဓာတ်အားသုံးစွဲခများအား မြို့ပေါ်ရှိ ရပ်ကွက်များသို့ လမ်းအလိုက်/အပိုင်းလိုက် မော်တော်ယာဉ်ဖြင့် ဧပြီ ၂၄ ရက်နေ့မှ စတင်ကောင်ခံနေပြီ ဖြစ်ကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ် မတ်လအတွက် ကျသင့်သော လျှပ်စစ်ဓာတ်အားသုံးစွဲခများအား တွံတေးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများမှ ရပ်ကွက်များအတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်ကောက်ခံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မော်တော်ယာဉ်ဖြင့် လိုက်လံကောက်ခံ ဝန်ဆောင်မှု ပေးခြင်းအပေါ် မီးသုံးစွဲသူပြည်သူများမှ ဝန်ဆောင်ခအဖြစ် မည်သည့်ငွေကြေး တစ်စုံတစ်ရာ ပေးရန်မလိုကြောင်း လိုက်လံကောက်ခံမည့် နေ့ရက်၊ အချိန်၊  ရပ်ကွက်နှင့် လမ်းများအား သက်ဆိုင်ရာ ရပ်ကွက်များအား အသိပေးကြေညာထားပြီးဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ မီတာဘေလ်ပေးဆောင်ခြင်းကို ဧပြီလ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ မီတာဆောင်ရန်များကို လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် မေလ(၂၀)ရက်နေ့အထိ နောက်ဆုံးဆောင်ရန် စီစဉ်ပေးထားပြီး မီတာခဆောင်ရန် ယနေ့နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ကျွန်းတောရပ်ကွက်အတွင်းရှိ လမ်းများသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ဖွင့်လှစ် ကောက်ခံပေးလျက်ရှိကြောင်း၊ မီတာဘေလ် ပေးဆောင်ရာတွင်  (ရက်လွန်ဒဏ်ကြေး) များ ပေးဆောင်ရန် မလိုကြောင်းနှင့် ဓာတ်အားဖြတ်ခြင်း များလည်း ပြုလုပ်သွားမည် မဟုတ်ကြောင်းကို မြို့နယ်လျှပ်စစ်ရုံးမှ သိရှိရသည်။

မျိုးလှိုင်(တွံတေး)