ကံမ ၃၀ ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ငွေကျပ်သိန်းတစ်ရာအောက် လုပ်ငန်းများအနက်မှ ကံမမြို့၊ အမှတ်(၁)ရပ်ကွက် ရန်အောင်မြေလမ်း မြေနီကျောက်ချောခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ရာ တာဝန်ခံအင်ဂျင်နီယာက ရှင်းလင်း တင်ပြခဲ့သည်။

 

အဆိုပါ မြေနီကျောက်ချောလမ်းမှာ အနက် ၉ လက်မနှင့် လမ်းအကျယ် ၁၂ ပေ၊ အရှည် ပေ ၇၀ဝ ရှိ၍ စည်ပင်သာယာရေးအဖွဲ့ငွေလုံးငွေရင်း ရန်ပုံငွေမှ ငွေကျပ်  ၉၅ သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

ကျော်ဇေယျဝင်း(ပြန်/ဆက်)