ချောင်းဆုံ   ၃၀   ဧပြီ

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ လယ်ဧကများတွင် နှစ်စဉ်မိုးစပါးရိတ်သိမ်းပြီးသည်နှင့် မတ်ပဲ၊ ရွှေဝါပဲများကို နှစ်သီးစားစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင်း ပဲအထွက်နှုန်း နည်းပါးသည့်အတွက် ဈေးကွက်သို့ ပဲတင်ပို့သူနည်းပါပြီး သိုလှောင်သိမ်းဆည်းထားကြကြောင်း သိရသည်။

 

ယခုနှစ်တွေမှာ ပဲစိုက်ပျိုးချိန်က စပါးရိတ်သိမ်းတဲ့ အချိန်အပေါ်မှာဘဲ မူတည်ပြီး စိုက်ပျိုးရတာ ဖြစ်တဲ့အတွက် ပဲစိုက်ပျိုးတဲ့သူတွေက တစ်ဦးနှင့်တစ်ဦး စိုက်ပျိုးချိန် မတူတာတွေရှိကြောင်း ယခုနှစ်တွင် ပဲစိုက်ပျိုးချိန် တစ်ဧကလျှင် ၃ တင်းမှ ၅ တင်းနှုန်းသာထွက်ရှိပြီး ကာလပေါက်ဈေးအရတော့ တစ်တင်းလျှင် ၃ သောင်းနှုန်းရရှိကြောင်း ရာသီဥတုနှင့် စိုက်ပျိုးမြေ စက်ကိရိယာအခက်အခဲများလည်း ရှိကြောင်း ပဲစိုက်တောင်သူ ဦးထွန်းသိန်းက ပြောသည်။

 

ချောင်းဆုံမြို့နယ်တွင် မတ်ပဲ၊ ရွှေဝါပဲ၊ ဂျပန်ပဲများကို မြေဆီလွှာ ပေါ်မူတည်ပြီး စိုက်ပျိုးရာတွင် ရာသီဉတုအနေအထားအရ အစိုဓါတ်ခန်းခြောက်သည့်အတွက် ပဲအထွက်နှုန်းနည်းပြီး ပဲဈေးကွက်မှာ ပဲအထွက်နှုန်းနည်းခြင်းကြောင့် ကုန်သည်တွေက ဝယ်လှောင်ခြင်းများရှိကြောင်း၊ ပဲဝယ်ယူရာတွင် ဒေသပေါက်ဈေးအရ မတ်ပဲတစ်ပိဿာလျှင် ၁၅၀ဝ ကျပ်၊ ရွှေဝါတစ်ပိဿာလျှင် ၁၇၀ဝ ကျပ်ဖြင့် ဝယ်ယူနေရကြောင်း၊ ယခုအခါ ပဲဈေးတက်မည့် အလားအလာပေါ်မူတည်ပြီး သိုလှောင်သူများ ရှိနေကြောင်း ပဲသိုလှောင်သူ ဦးဝင်းလှကပြောသည်။

 

ချောင်းဆုံမြို့နယ်တွင် ကော့မုပွန်၊ ကညှော်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးရပြီး အများစုမှ မတ်ပဲ၊ ရွှေဝါပဲများ စိုက်ပျိုးကြပြီး ယခုအခါ ရာသီဉတုအခြေအနေအရ ပဲအထွက်နှုန်း လျော့နည်းလျက်ရှိကြောင်း၊ အလုပ်သမားအခက်ခဲများနှင့် စက်ကိရိယာရှားပါးမှုများရှိခြင်းကြောင့် ပဲအထွက်နှုန်းလျော့နည်းရခြင်းဖြစ်ကြောင်း ပဲစိုက်တောင်သူများထံမှ သိရသည်။

 

ထူးအိမ်(ပြန်/ဆက်)