ဟိုပင်  ၃၀ ဧပြီ                           

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ ကမ္ဘာ့နိုင်ငံများတွင် ကပ်ရောဂါအသွင်ဖြင့် ကူးစက်ပျံ့ပွား လျက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မေတ္တာရိပ်အသင်းမှ အလှူရှင်များစုပေါင်း၍ ဟိုပင်မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ဆရာလေးကျောင်းများသို့ ယမန်နေ့ မွန်းလွဲ ၁ နာရီက အ၀တ်နှာခေါင်းစည်းများ စုပေါင်းချုပ်လုပ် ဖြန့်ဝေလှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ဖြန့်ဝေခြင်းကို ဟိုပင်မြို့အတွင်းရှိ မြို့ပေါ်ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်း၊ သဲဂုဏ်၊ ညောင်ပင်သာ၊ တကွင်းကျေးရွာနှင့် နန့်ရင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ဆရာလေး ကျောင်းတိုက်များသို့ တစ်ပါးလျှင် Mask ၂ ခုနှုန်းဖြင့်  သွားရောက်ဖြန့်ဝေ လှူဒါန်းခဲ့ကြပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်နိုင်ရန်  နှာခေါင်းစည်း Mask အသုံးပြုပုံ နည်းလမ်းများကို အသိပညာပေး ပြောကြားကာ ပြည်တွင်းဖြစ် နှာခေါင်းစည်း Mask ၁၅၀၀ ခုကို ဖြန့်ဝေလှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

တိုးတိုးမေ− ဟိုပင်