တောင်ကြီး ၃၀ ဧပြီ
ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများကို ရှမ်းပြည်နယ် ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ စီမံခန့်ခွဲမှု ကော်မတီမှတစ်ဆင့် မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုက်နယ်ဆေးရုံများ၊ ကျေးလက် ဆေးပေးခန်းများနှင့် ကျန်းမာရေးစောင့်ကြည့် စခန်းများအရောက် နေ့စဉ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် အောင်ပန်း Quarantine Centre၊ လွိုင်လင်မြို့နှင့် ရွှေတောင်ပရဟိတအသင်းအတွက် Hand Gel 500 ml ၁၆ လုံး လက်သန့်ဆေးရည် 5L ၉ လုံး၊ လက်အိတ် ၄ ဘူး၊ Mask ၅၀၀ ခု၊ Thermometer ၃ ခု၊ PPE Normal ၁၀ စုံ ကိုလည်းကောင်း၊ အောင်ပန်းမြို့ ဘုန်းကြီးကျောင်း သုံးကျောင်းအတွက် ဆွမ်းကွမ်းအလှူငွေကျပ် (၅၀၀၀၀၀) ကိုလည်းကောင်း ပေးအပ်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ နေ့စဉ်အလှူရှင်များ လာရောက်လှူဒါန်းလျက်ရှိရာ ဧပြီလ ၂၉ ရက်နေ့တွင် ရှမ်းတောင်စက်သုံးဆီ လုပ်ငန်းရှင်များအသင်းမှ အလှူငွေကျပ် (၅)သိန်း ကိုလည်းကောင်း၊ ကိုချမ်းဝေမျိုး (Future Galore And More Co.,Ltd) ငွေကျပ် (၃၂၄၀၀၀) တန်ဖိုးရှိ အရက်ပြန် (၁၀ ဂါလန်) ၂ ပုံးကို လည်းကောင်း အသီးသီး လာရောက် လှူဒါန်းပေးခဲ့ကြကြောင်း ကော်မတီထံမှ သိရသည်။ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီအနေဖြင့် စေတနာရှင် အလှူရှင်များလာရောက် လှူဒါန်းသော စားနပ်ရိက္ခာနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို လိုအပ်လျက်ရှိသော ပြည်နယ်အတွင်း ခရိုင်/မြို့နယ် အသီးသီးသို့လည်း ပေးအပ်လှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုးညွန့်ရွှေ (ပြည်နယ် ပြန်/ဆက်)


