ဘားအံ    ၃၀  ဧပြီ

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်တွင် ခရီးသွားပြည်သူများ ဝင်ထွက်သွားလာခွင့်ကို ဧပြီလ ၃၀ ရက်နေ့ထိ ပိတ်ထားခဲ့ပြီး မေလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မှာ ဖြစ်တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများ မြဝတီမြို့မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာရာမှာ ၂၁ ရက် စောင့်ကြပ်ကြည့်ရှုနေထိုင်ကြမည့် Facility Quarantine Centers များကို  ဧပြီ ၃၀ ရက်နေ့က ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကရင်ပြည်နယ်မီးသပ်တပ်ဖွဲ့၊ တပ်မ(၂၂)၊ တောင်ကလေး စစ်ဆေးရုံတို့ပူးပေါင်း၍ ဘားအံမြို့ရှိ Quarantine Centers (၇)နေရာတွင် ပိုးသတ်ဆေးဖျန်း ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ပြန်လည်ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသားများ မိမိတို့နေရပ်သို့ ပြန်လည်ဝင်ရောက်လာကြရာမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့က သယ်ယူပို့ဆောင်ရေးနဲ့ ၂၁ရက် စောင့်ကြပ်ကြည့်ရှု့ရန် Quarantine Centers များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားတာမို့ ဘားအံမြို့နယ်တွင် ဦးရေ ၃၀ဝ၀ ခန့်အတွက် Quarantine Centers ၂၄ နေရာ ဆောင်ရွက်ထားကြောင်း ကရင်ပြည်နယ်မီးသပ်တပ်ဖွဲ့မှူးဦးစိုးဝင်းထံမှ သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)

 

mdn